သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်းကာ လပွတ္တာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍ (၂၇.၉.၂၀၂၂)နံနက် (၁၀:၃၀) အချိန်တွင် ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသူဆိုင်လုပ်ငန်းရှင်(၁၀)ဦး အား မြို့နယ်စည်ပင်သာယာရေးဈေးကော်မတီရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တာဝန်ခံဒေါ်ခင်မေဝင်းသည် (၂၇.၉.၂၀၂၂)ရက်နေ့တွင် ကျုံပျော်မြို့နယ် ပဲ၊နှမ်းကုန်သည်များ အသင်း ဥက္ကဌ၏ ပဲသန့်စင်စက်လည်ပတ်နေမှုအား သွားရောက်လေ့လာ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ံဒေါ်ခင်မေဝင်းသည် (၂၆.၉.၂၀၂၂)ရက်နေ့တွင် အောင်ဆန်းရပ်ကွက်၊ အုန်းသုံးပင်ကွင်းရှိ တောင်သူ ဦးမြင့်ဆွေပိုင် ၂၀၂၂-၂၀၂၃ မိုးစပါးရိတ်သိမ်းရောင်းချနေမှုအား ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ ပါသည်။
လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရေ