သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွေသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဩဂုတ်လ (၁၂)ရက်၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် မင်းတုန်းမြို့ပေါ်၌ မြို့မဈေးနှင့် အမှတ်(၃/၄)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ကြာပန်းတံဆိပ် ၊ မေဇင်၊ Goody အမှတ်တံဆိပ် စားသုံးဆီများ နှင့်ပက်သက်၍ ကုန်အညွှန်းအ
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်ခရိုင်တာဝန်ခံသည် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့၊ နေ့လယ်ပိုင်းတွင်ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းနှင့်အတူ ဩဂုတ်လ(၁၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရပြည် တွင်းရှိ ထုတ်လုပ်သော ကုန်စည်များပြည်ပမှ တင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ်ဈေးကွက်ရောက်ပြီးကုန်စည်များ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ကုန်အညွှန်းအမှတ်အသားတ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် (၁၆.၈.၂၀၂၂)ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ဆန်ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၅.၈.၂၀၂၂ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂)၊ နောင်တာလောကျေးရွာရှိ ကုန်စုံဆိုင်များသို့ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။