သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 May 2021

         အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00)၊ ပဲတီစိမ်း  [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည် အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ပါသည်။

24 May 2021

        စားသုံးသူပြည်သူများအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူစားသုံးသင့်ပါသည်။

21 May 2021

          ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့် အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန်ရည်ရွယ်၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (မြို့နယ်) ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို (၁၇.၅.၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးရှိ ရွှေဘိုပေါ်ဆန်းအသင်း ရုံးခန်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

18 May 2021

မကွေးတိုင်းဒေသကြီး ၊ ၂၀၂၁ခုနှစ် မေ ၁၆

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

Pages