သထုံမြို့နယ်တွင် ဆန်စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၅.၇.၂၀၂၅ ရက်နေ့ နေ့လည် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့သည် ဆန် စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဦးမြတ်မောင်မောင်ပိုင်ဆိုင်သည့် “စိတ်တိုင်းကျ” ဆန်စက်နှင့် ဆန်စပါးသိုလှောင်ရုံအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဉ် ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါးသိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါးရောင်းဝယ်မှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)