ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့်တွေ့ဆုံ

Powered by Drupal

   ၁၄.၇.၂၀၂၅ ရက်‌နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင် ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အောင်ဆန်း (၂) လမ်းရှိ Kaung Hlyan New Asia Co.Ltd မှ ဆီအရောင်းကိုယ်စားလှယ် ဦးဝင်းလွင်ထွန်းနှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ် တာဝန်ခံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သည့် စားအုန်းဆီများကို စားသုံးသူ ပြည်သူများသို့ လက်လီကိုယ်စားလှယ်များမှ တစ်ဆင့် ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်အရေ အတွက်၊ သတ်မှတ်အလေးချိန်ပြည့်မီစွာရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဗီနိုင်းများချိတ်ဆွဲရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရဖွယ်ရှိကြောင်းကို ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)