ဘီးလင်းမြို့နယ်တွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်များအား စားသုံးသူဘေးအန္တရာယ်ကင်းစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၄.၇.၂၀၂၅) ရက်နေ့၌ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ နီလာစျေးအတွင်းတွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

 ထိုသို့ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး အတွက် အသင့်‌ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါ/မပါနှင့် တင်သွင်းသည့် ကုမ္ပဏီလိပ်စာများကိုစစ်ဆေးပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်စည်များအား ကုန်အညွှန်း အမှတ်အသား  ပြည့်စုံမှသာလျှင် တင်သွင်းရောင်းချရန်နှင့် ကုန်စည်များ ရောင်းချရန်အတွက် ဝယ်ယူရာတွင် ကုန်စည်အတု/အပများအား ဂရုစိုက်ရွေးချယ် ဝယ်ယူရောင်းချစေရန်အတွက်ကို အထူးသတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)