သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင် ဆန်ကုန်သည်များအား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ဩဂုတ်လ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၈.၈.၂၀၂၂ နေ့တွင် ငါးလုပ်ငန်းရှင် ဦးကျော်နိုင်ဦးနှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးခန်းမတွင် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ၌ (၁၀.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၀.၈.၂၀၂၂) ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၀.၈.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။