သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Aug 2022

           ပိုးသတ်ဆေးလိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင် ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင် ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ် တာဝန်ခံသည် (၅-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

15 Aug 2022

            ၂၀၂၂ခုနှစ်၊ သြဂုတ်လ  ၅   ရက်နေ့ (၁၀း၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၈) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

15 Aug 2022

          ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် (၁၃း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ၊ မြို့နယ်တာဝန်ခံရုံးတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ သာစည်မြို့နယ် အတွင်းရှိလုပ်ငန်းရှင်များအားစာသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

15 Aug 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်  ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

15 Aug 2022

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပညာရေးကောလိပ်ရှေ့၊ မဟာကျော်လမ်း၊ မကျီးကုန်း ကွက်သစ်၊ အောင်ဆန်းရပ်၊ မိတ္ထီလာမြို့၌ “ခင်မြန်မာ”အမှတ်တံဆိပ် ဆပ်ပြာလုပ်ငန်း ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်း အမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေး ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထ

Pages