သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု.ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၉-၈-၂၀၂၂) ရက် နေ့လယ် (၂:၀၀) နာရီ အချိန်တွင် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ရှိ အ.လ.က (ခွဲ) စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့် အရေးနှင့်စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ဩဂုတ်လ(၅)ရက်၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/သူ (၈၈) ဦး၊ စုစုပေါင်း(၉၄)ဦး တက်ရောက်ခဲ့ပါသည်။<
ယနေ့မြန်မာနိုင်ငံရဲ့ ခေတ်စားနေတဲ့ အွန်လိုင်း ရှော့ပင်းဆိုတဲ့ဈေးကွက်ကြီးထဲမှာ အမျိုးသမီးများရဲ့ နေ့စဉ်အသုံးပြုကြရတဲ့ အလှကုန်ပစ္စည်းတွေ အများအပြားပါဝင်နေတာ တွေ့ရှိရပါတယ်၊ အလှကုန်ပစ္စည်းဆိုတာ အမျိုးသမီးတွေအများဆုံး အသုံးပြုကြပေမယ့် အမျိုးသားတွေသုံးတဲ့ အလှ ကုန်ပစ္စည်းတွေလဲရှိနေပါတယ်၊ အလှကုန်ပစ္စည်းများမှာ ခေါင်းအစခြေအဆုံး အသုံးပြုကြတဲ့ ပစ္စည်း အမျိုးအစားပေါင်း အများအပြားရှိပါတယ်၊ အမျိုးသမီးတွေအနေနဲ့ တစ်ခါတစ်လေမှာ အလှကုန်ပစ္စည်း တွေကို မျက်စိနဲ့တပ်အပ်မြင်ပြီး သေချာရွေ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော စားသုံးဆီများကို ရောင်းချခြင်းနှင့် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့်ရောင်းချခြင်း ရှိ မရှိ စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဗန်းမော်မြို့၊ မိုးညှင်းမြို့များရှိ စည်ပင်သာယာဈေးများ၊စားသုံးဆီလက်လီ/လက်ကား ရောင်းချသောဆိုင်များအား ၉.၈.၂၀၂၂ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တရားမဝင်နယ်စပ်လမ်းကြ
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းအစည်းအဝေးအား(၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ညောင်ဦးမြို့နယ် အတွင်းရှိ စက်သုံးဆီရောင်းချသူများအသင်း ဥက္ကဌနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ပါသည်။