ရေတွင်းကုန်းကျေးရွာ အောင်ချမ်းသာပရဟိတ ဘုန်းတော်ကြီးစာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်၊ ရေးတွင်းကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာ ပရဟိတ ဘုန်းတော်ကြီးသင်စာသင်ကျောင်းမူလွန်တွင် (၁၀.၇.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဦးခိုင်လွမ်းမိုးမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏အဓိပ္ပါယ်၊ စားသုံးသူများသိရှိရမည့် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်း အမှတ်အသားဖေါ်ပြချက်ဆိုင်ရာ အချက်များအကြောင်းစသည်များကို မူလတန်းအရွယ် အသိပညာ မှတ်သား သိရှိနိုင်ရန် ဥပမာများဖြင့်အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းရှိ ဆရာ/ဆရာမများအားလုံးနှင့် မုန့်ဈေးတန်းရောင်းချသူများ၊ ကျောင်းသူ/ ကျောင်းသားနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၁၀၈)ဦး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)