
မအူပင်ခရိုင်၊ စားသုံးသူရေးရာမှ ဦးဇော်မင်းနှင့် တာဝန်ရှိသူများဖြစ်သော ပန်းတနော် ဆီကိုယ်စားလှယ်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စာရေးများအား ပြည်သူများ စားအုန်းဆီထုတ်ယူခွင့် စာအုပ်များကို စနစ်တကျပေးအပ်ခဲ့ပြီး ဆီများကို ကျေးရွာနေပြည်သူများအဆင်ပြေချောမွေ့စွာ ထုတ်ယူရရှိနိုင်ရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီ’ဌာနတို့နှင့်အတူ (၉-၇-၂၀၂၅) ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ကျေးရွာ(၄)ခုအား ဆီထုတ်ယူခွင့်စာအုပ်များ ပေးအပ်ခဲ့ပြီးနောက် ကျေးရွာနေပြည်သူများ သတ်မှတ်ရက်အတွင်း ပန်းတနော် ဆီရောင်းကိုယ်စာလှယ်များမှ ရောင်းချမှုကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရန်နှင့် ပြည်သူများ ဆီဝယ်ယူမှု အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးကို သိရှိနိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးပြီး တန်းစီးစနစ်ဖြင့် ဆီထုတ်ယူနိုင်ရန် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ၊ ဆီစာအုပ်မပျောက်ဆုံးရေး အထူးဂရုပြုကိုင်တွယ်ရန်အကြောင်းကို ရှင်းလင်းပြီး အိမ်ထောင်စု ၂၃၃၃အား စာအုန်းဆီရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)