သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Aug 2022

         ၈.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တာဝန်ခံသည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ “ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူထိခိုက်နစ်နာမှုအပေါ် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း” Talk Show  ကို ပြုလုပ်ခဲ့ပါသည်။

12 Aug 2022

            ၈.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တာဝန်ခံသည် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်ကျေးရွာရှိ အခြေခံပညာအထက်တန်းခွဲ ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

12 Aug 2022

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်နှင့်အတူ ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူမြို့ တောင်ကွေ့ဈေး အခြေခံပညာမူလတန်းလွန် ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

12 Aug 2022

               ၈.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘီးလင်းမြို့နယ် ရေဖြူကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

12 Aug 2022

            ၉.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ နှင်းပုလဲရပ်ကွက်ရှိ လမ်းဘေး ဝဲ/ယာ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages