သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း ဖွဲ့စည်းခြင်းကို နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၄.၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူတိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် ပတ်သက်၍ အသိပညာပေး(Talk Show) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၅.၂.၂၀၂၄ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ရုံးမှ ဦးခိုင်လွမ်းမိုးအငယ်တန်းစာရေးသည် ဓနုဖြူမြို့ ရှိ ဈေးများတွင် ရောင်းချနေသော ကုန်မျိုးစုံ၊ မုန်မျိုးစုံ ရောင်းချနေသောဆိုင် (၁၅) ဆိုင်မှ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်ခြင်း ရှိ/မရှိ (၁၄.၂.၂၀၂၄)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ၊ နံနက် (၉:၃၀) နာရီအချိန်တွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာ ပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၄၈) ဦး တက်ရောက်ခဲ့ပါသည်။