မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၁၀.၇.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဝါယာလက် ဈေးသို့ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရှိ လက်လီအရောင်းကိုယ်စားလှယ်ဖြစ်သော ဦးလှမြင့်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိအောင် စာအုပ်စနစ်ဖြင့်ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်း လိုက်ခွဲ ထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ် နံနက်(၇:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ရောင်းပေး ပါကြောင်း၊ ရောင်းချမှု လက်ခံဘောင်ချာများလည်းထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ ဌာနမှလည်း အခြားမသမာ သောနည်းလမ်းများသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)