မဖြူဖြူ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ဦးစီးမှူးပါ (၃)ဦးတို့သည် (၁၀.၇.၂၀၂၅)ရက်နေ့၊‌နေ့လယ် (၁:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅) ရပ်ကွက်ဈေးတွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၅)ဈေးမှ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ဈေးအတွင်း ရောင်းချနေသော မဖြူဖြူဆိုင်တွင် လက်ကားကိုယ်စားလှယ်များမှ ရရှိသော ဆီခွဲတမ်းများမှာ စားသုံး သူပြည်သူများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်ကို အမြတ်(၂)ရာခိုင်နှုန်းတွက်ချက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း လည်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး စည်းကမ်းချက်၊ သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)