လှိုင်သာယာ(အရှေ့ပိုင်း)ရှိ အမှတ်(၅)ရပ်ကွက်ဈေးသို့ စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   (၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် အမှတ်(၅)ဈေးတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံပါဝင်လျက် ရုံအမှတ်(C)၊ အခန်းအမှတ်(၆)ရှိ ဦးမိုးမြင့်အောင်ကုန်မျိုးစုံတွင် စားအုန်းဆီကို နေ့စဉ်ပုံမှန်အတိုင်း ခွဲတမ်းရရှိပါကြောင်း၊ ရရှိသော ခွဲတမ်းများကို ရပ်ကွက်နေပြည်သူများသို့ တစ်နေ့လျှင် တစ်အိမ်ထောင်ကို (၅၀)ကျပ်သားနှုန်း (၁)လကို (၂.၅၀)ကျပ် သားပေးပါကြောင်း၊ တစ်နေ့စာတစ်နေ့ကုန်အောင် ရောင်းချပေးပါ ကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိပါ ကြောင်းနှင့် မိမိတို့ ဌာနမှလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိခဲ့လျှင် အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)