သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Feb 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း‌ အရောင်းဆိုင်များသို့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ ဦးသိမ်းမောင်သည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

21 Feb 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်တို့အား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

20 Feb 2024

      ၂၀၂၄ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ၊ ၁၆ ရက်နေ့ ၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ သပြေချောင်းစျေး(တပ်စျေး)အတွင်း ရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

20 Feb 2024

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ ရက်နေ့ ၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

20 Feb 2024

    ၂၀၂၄  ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ၊ နေ့လယ် (၁၄း၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

Pages