သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကမ်းနားပျံကျစျေးအတွင်းရှိ အသား၊ ငါး၊ ပုစွန် အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူးနှင့်အဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ မြင်းခြံမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းလက်လီ/လက်ကားအရောင်းဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်း(၃၄)မျိုးအား ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတ

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးသိုလှောင်ထားသည့် ကုမ္ပဏီများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် မြို့မဈေးအပြင်ဘက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ထွေအုပ်၊ ကျန်းမာရေး၊ စည်ပင်ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၅.၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား (၁၃.၂.၂၀၂၄)ရက်နေ့ ၊နံနက်(၀၉:၀၀)ချိန်တွင် လားရှိုးခရိုင် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူချက်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
