သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည် ပန်းတနော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွပ်နေပြည်သူများနှင့် ရပ်ကျေးအုပ်ချုပ်ရေး မှူးများတွေ့ဆုံ၍ (၁၄.၂.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်သူ(၅၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေခြင်း ကို ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်၊ တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၆.၂.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်၊ တာဝန်ခံ ဦးအောင်မိုးသည် (၁၆.၂.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်အခမ်းအနားကို နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဘိုကလေးမြို့(၁)ရပ်ကွက်၊ ဒုတိယလမ်းရှိ “သုခ” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
