ပန်းတနော်မြို့နယ် ရပ်ကွက်နေပြည်သူများအား  စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေး ခန်းမတွင် (၈-၇-၂၀၂၅) ရက်နေ့ မွန်းလွဲပိုင်းက ပန်းတနော်ရပ်ကွက်နေ ပြည်သူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်း စရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

            ဟောပြောရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအကြောင်း မိတ်ဆက်ပြောကြားပြီး စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်အကြောင်း၊ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဈေးကွက်အတွင်း စားသုံးသူများ ဘေးအန်တရာယ်ကင်းရှင်းသောကုန်စည်များကို ဝယ်ယူနိုင်ရန်အတွက် စားသုံးသူနစ်နာဆုံးရှုံမှု မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး  စားသုံးသူနစ်နာ ဆုံးရှုံမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်း နှင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးမှုများ၊ ကို ဟောပြောဆွေးနွေးပါသည်။

               ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်း ဆွေးနွေးချက်များကို ခရိုင်ဦးစီးမှူးက  ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအခွင့်အရေး ဦးစားပေး သိရှိနိုင်ရန်နှင့် နစ်နာမှု ရှိပါက တိုင်ကြာနိုင်သော နည်းလမ်းများဖြစ်သော တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center နှင့်HOT Line No ဖြစ်သည့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)