
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မအူပင်ခရိုင်အနေဖြင့် MyRo မှတ်ပုံတင်သိုလှောင်ရုံ (၁၂၃) လုံးမှာ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအတွင်း မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီဖြစ်၍ ညောင်တုန်းမြို့နယ်အတွင်း မှတ်ပုံတင်သက်တမ်းပြည့်မြောက်ပြီးသူ လုပ်ငန်းရှင်များ ထပ်မံသက်တမ်းတိုး ဆောင်ရွက်နိုင်ရေးကို ညောင်တုန်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင့်မှ မြို့နယ်ဦးစီးမှူး ရုံးသို့ဖိတ်ကြား၍ ၂၀၂၅ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ဆုံပြီး ထပ်မံ သက်တမ်းတိုး မှတ်ပုံတင်နိုင်ရေးကို ဆွေးနွေးခဲ့ပြီး မြို့နယ် ဆန်ကုန်သည်အသင်းနှင့် သက်တမ်းတိုးဆောင်ရွက်ထားခြင်းမရှိသေးသော လုပ်ငန်း များအား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှတ်ပုံတင် ရန်ကျန်ရှိသောလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ဆန်စက်ပိုင်ရှင်၊ ဆန်ဆိုင်ပိုင်ရှင်၊ စက်မှုကြီးကြပ်မှ တာဝန်ရှိသူ စူစုပေါင်း ၄ဦးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)