
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနျင့် ဝန်ထမ်းများ’သည် (၆-၇-၂၀၂၅) ရက်နေ့ နံနက် (၀၉၃၀) အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင်များဖြစ်သော ဆိုင်ရှင် ဦးသိန်းနွယ်ဆိုင်၊ ဦးကြည်အေးကုန်စုံဆိုင် ၅ရပ်ကွက်ကုန်စုံဆိုင်၊ ဒေါ်မြင့်မြင့်ကြည် ပဒေသာကုန်စုံဆိုင် ၄ရပ်ကွက်ကုန်စုံဆိုင်၊ စောမော်စီတုန်း စောမော်စီတုန်းကုန်စုံဆိုင် ၁၈ရပ်ကွက် ကုန်စုံဆိုင်များမှ ရောင်းချနသော ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ကုန်စုံဆိုင်များမှ ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိမရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဓနုဖြူဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သတ်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)