သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများလိုက်ပါလျှက် မကွေးကုန်စည်ဒိုင် နယ်မြေအတွင်းရှိ ကုန်သည်/ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်/ချောက်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ချောက်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး)နှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး) တို့သည် (၅.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)မှ (၁၁:၃၀)နာရီထိ ချောက်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအ ရောင်းဆိုင်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊မြန
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၆.၈.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေး၊ မောင်ငံဈေးနှင့် မြိုင်သာယာဈေးတို့တွင် ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချ ခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ရှိ အ.ထ.က (ခွဲ) ရေတွင်းကုန်ကျောင်း တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မီးသတ်ဦးစီး ဌာနတို့ ပူပေါင်း၍ ကျောင်းသာ၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာဟောပြောပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၅.၈.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) ချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်း၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ၊ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် ညီနောင်အသင်းများမှ အသင်းဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြပါသည်