
ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့၊မြို့မဈေး အတွင်းရှိ ဒေါ်ရီမွန် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) အားလိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီများအား Parking ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရ မည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ကျပ်သားအား မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များပေါင်းပြီး ၂ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)