သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Sep 2022

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့နယ် အထက(၇) ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

23 Sep 2022

     ဧရာဝတီတိုင်းဒေသကြီး၊၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမျိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦး တို့သည် (၁၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀;၃၀)နာရီက မြောင်းမြမြို့နယ် မြို့မပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

23 Sep 2022

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်သည် စက်တင်ဘာလ ၁၆ ရက်က ပုသိမ်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား တွေ့ဆုံပြီး စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ သည်။

23 Sep 2022

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ် အား/ကာ အဖွဲ့များနှင့် ပူးပေါင်း၍ စက်တင်ဘာလ (၁၅)ရက် နေ့လယ် (၁) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အ.ထ.က ငါးသိုင်း ချောင်းကျောင်းတွင် ဆရာ၊ဆရာမ (၂၂)ဦး၊ ကျောင်းသား၊ကျောင်းသူ(၅၈၀)ဦးတို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

23 Sep 2022

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာပေါင်းမြို့နယ် မွေး/ကုရုံး၌ စက်တင်ဘာ ၁၆ရက် မနက် (၁၀:ဝဝ) နာရီတွင် မွေးမြူရေးလုပ်ငန်းရှင် ၁၄ဦး တို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Pages