Leave a message

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Aug 2022

           ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများ၊  (၁၇.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် လပွတ္တာမြို့ အမှတ်(၂) ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးအေးဝင်း၏ မိသားစုကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ဈေးကွက်အရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် အသေးစားအလတ်စား စက်မှုလက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

22 Aug 2022

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၇.၈.၂၀၂၂) ရက်နေ့ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့ဖြင့် မြို့မပေါ်ရှိ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

22 Aug 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၈.၂၀၂၂) ရက်နေ့ ဘိုကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီ အပါအဝင် စားသုံးဆီများတရားမဝင် ဝင်ရောက်မှု အခြေအနေနှင့် တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

22 Aug 2022

            ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲများအား နယ်လှည့်ကွင်းဆင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၁၅)ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ညောင်ဦး မြို့အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ ဆရာ၊ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးအားလည်းကောင်း ၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ် အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရ

22 Aug 2022

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိဝန်ထမ်းများသည် ၁၃.၈.၂၀၂၂ ရက် နေ့နံနက် (၀၉:၃၀) မှ ညနေ (၁၄:၃၀) ချိန်ထိ ခရိုင်အတွင်းမြို့နယ်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

Pages

a