သတင်းနှင့် လှုပ်ရှားမှုများ
(၇.၂.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၃၀)အချိန်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ မတ်ပဲစိုက်တောင်သူ(၆၈)ဦး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၇-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ဇလွန်မြို့နယ် ဗျည်းညားကျေးရွာအုပ်စု၊ ဦးနိုင်ဦးနေအိမ်၌ ဆန်စက်လုပ်ငန်းရှင်များအား (၇.၂.၂၀၂၄) နေ့ နံနက် (၀၉:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေဈေးအတွင်းရှိ ကိုအောင်မြင့်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်၊ တာမွေဈေးရှေ့ရှိ ရွှေမန်းဆေးဆိုင်တို့အား ဈေးစည်ပင်သာယာရေးကော်မတီနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း ၃ဦးတို့သည် (၆-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
