သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်း များသည် PPRD က ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိအခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ ဈေးစည်ပင်သာယာရေးကော်မတီနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆွေဆွေမွန်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၅-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေပြည့်စုံဈေးအတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဈေးကွက်တင်သွင်းရောင်းချလျက်ရှိသော ဆေးဝါးများဖြစ်သည့် ဗီတာမင်ဓာတ်ဖြည့်အားဆေး၊ ရာသီတုပ်ကွေး၊ ကိုဗစ်-၁၉ ကာကွယ်/ ကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ ထိုးဆေး၊ သောက်ဆေးအမျိုးမျိုး၊ Oxygen Concentrator Oximeter နှင့် အောက်ဆီဂျင်အိုးအမျိုးမျိုး အစရှိသော ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းဈေးနှုန်းများကို အပတ်စဉ် ဈေးကွက်ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးစုံစမ်းလျက်ရှိပါသည်။ ယခုအခါ မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်မျ

စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ် ၊ မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား (၈.၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်း (ရွာဦး) ကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၃၇၅ ဦးအား (၆.၂.၂၀၂၄)နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
