သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Aug 2022

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)မှာ ဇူလိုင်လ ဒုတိယပတ်အတွင်း တွေ့ဆုံခဲ့ပါသည်။ထို့သို့တွေ့ဆုံခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် Co

02 Aug 2022

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၂ ခုနှစ် ၊ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အ.ထ.က(၁)ကျောင်း၌ လည်းကောင်း၊ (၂၃)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အ.ထ.က(၂)ကျောင်း၌လည်းကောင်း၊ (၂၅)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အ.ထ.က(၃)၌လည်းကောင်း စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

02 Aug 2022

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟု သုတများရရှိစေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဝက်လက်မြို့နယ်၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

Pages