သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Aug 2022

          ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးမှူးဦးသိန်းမောင် ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇူလိုင်လ(၂၆)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ နယ် မြို့မဈေးအတွင်းအပြင်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၁၅) (ခ)စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

02 Aug 2022

           မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဧရာ၀တီတိုင်းဒေသကြီး)အသင်းခွဲ၏ နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂:၀၀ နာရီမှာ ကျင်းပပြုလုပ်ရာ အသင်းနာယကများ အပါအဝင် အသင်းဥက္ကဌ ဦးသန့်ဇင်၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းသားအသစ်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

02 Aug 2022

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ စက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ အား (၂၇.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

02 Aug 2022

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား (၂၆.၇.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

02 Aug 2022

          နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရားအောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိက နေရာမှပါဝင်သကဲ့သို့ ၎င်းတို့အား ဆက်မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်း ရှိအောင် ဖန်တီးပေးနိုင်ရေးသည် လွန်စွာမှအရေးကြီးပါသည်။  တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုသောစကားသည် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကကျပုံကိုမီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက် ရမည့် ကိစ္စများတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရ

Pages