သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၃၇၈.၆၉၅ မိုင်ရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်ကာ၊ လယ်မြေဧက တစ်သိန်းသုံးသောင်းကျော် ၊ ဥယျာဉ်မြေဧက တစ်သောင်းခုနှစ်ထောင်ကျော်၊ ကိုင်းမြေဧက နှစ်သောင်းခြောက်ထောင်ကျော် ၊ စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ စပါး၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့ ရာသီအလိုက်စိုက်ပျိုးရသော သီးနှံများကို စိုက်ပျိုးသကဲ့သို့ ရဲယို၊ ဒန့်သလွန်၊ မာလကာ၊ သီဟိုဠ်ကဲ့သို့သောနှစ်ရှည် သီးပင်စားပင်များကိ
စစ်တွေမြို့ရှိ နေအိမ်/အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများသည် ယခုအချိန်တွင် ပြန်လည်စတင်လုပ်ကိုင်လာကြပြီဖြစ်ပါသည်။ စစ်တွေမြို့သည် ယခင်က လူနေမှုအဆင့်အတန်းရိုးရှင်းခြင်း နေအိမ်အဆောက်အဦး ဆောက်လုပ်ရာတွင် ရခိုင်ပြည်နယ်၏ သယံဇာတထွက်ကုန်ဖြစ်သော ဝါး/သစ်များကိုသာ အဓိကထားသုံးစွဲခြင်းကြောင့် အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်မှုမရှိသလောက်နည်းပါးခဲ့သည်။ ယခင်က နေအိမ်များ ဆောက်လုပ်လိုသူများသည် မိမိကိုယ်တိုင် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူစုဆောင်ခြင်း/လုပ်သားများရှာဖွေရခြင်း အခက်အခဲများ ကြုံတွေ့လာရပါသည်။
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်းရှိ အမှတ်(၁-က)၊ အဆောက်အဦ(၁)လုံး (၁၂၀'x၅၀' x၂၀')(သွပ်၊ အုတ်၊ ကွန်)အား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၇.၁.၂၀၂၂)ရက်မှ (၁၆.၂.၂၀၂၂)ထိ
( ခ ) တင်ဒါပိတ်မည့်နေ့/အချိန် - (၁၆.၂.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း၏ (၅.၀၀)ဧက စိုက်ကွက်တွင်(၂၉.၁၂.၂၀၂၁)ရက်နေ့တွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူးနှင့် ရေကြည်မြို့နယ်ရှိ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ ဧရာဝတီပေါ်ဆန်းမှာ ယခင်ကဈေးကွက်တစ်ခု ရရှိခဲ့သော်လည်း အရည်အသွေးကျဆင်း၍ ဈေးကွက်
စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင် ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးတို့တွင် မြို့နယ်တာဝန်ခံတို့နှင့် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဒေသထုတ်စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ဖျာပုံမြို့ နယ်လုပ်ငန်းရှင်(၁၅)ဦး၊ကျိုက်လတ်မြို့နယ်(၈)ဦးတို့အား စားသုံးသူကာကွယ်ပေးရေးဆိုင်ရာနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။