သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်တာဝန်ပေးအပ်မှုအရ ပန်းတောင်း မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် (၁၈.၇.၂၀၂၂) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြိုးကြာအုပ်စု ၊ ကြိုးကြာကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျေးလက်နေ ပြည်သူ(၈၂)ဦး တို့အား လည်းကောင်း၊ နေလည်ပိုင်း (၁၃:၀၀)နာရီအချိန်တွင် လှည်းကူးအုပ်စု ၊ လှည်းကူးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေလက်နေပြည်သူ (၅၂)ဦးတို့အား လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းတိုးတက်မြင့်မားရေး အသိပညာပေး
ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ် သည် ၂၂.၇.၂၀၂၂ ရက်နေ့၊ နံနက်(၀၈ : ၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း တို့နှင့်အတူ ပဲခူးမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းရောင်းဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်၊ သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်မှုရှိစေရန
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည့် စာအုပ်စာပေပြပွဲသို့ တက်ရောက်လာသော အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။
ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည် ၂၀.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့နှင့်အတူ ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ လက်ရှိဖြစ်ပေါ်နေသော ဓါတ်မြေဩဇာ ဈေးနှုန်းများ၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ (၂၂.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။