မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော ဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁၃:၀၀နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးရန်မသင့်သော အစားအစားများအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်ရေးနှင့်တာဝန် များနှင့်စားသုံး သူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကိုလည်းကောင်း နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်းဒေသကြီး/ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြား ရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို Online မှ လည်းတိုင်ကြားနိုင်ခြင်း၊Consumer Call Center- 1535 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် တိုင်ကြားဆောင်ရွက်နိုင်ပါကြောင်းနှင့် အစားသောက်များကို မည်သို့ရွေးချယ်စားသုံးရမည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်မေသက်နွယ် က မူးယစ်ဆေးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ် ချက်များပြောကြားပြီး၊ ကျောင်းသားလူငယ်များမှလည်း မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကိုတောင် မသုံးစွဲကြစေရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းရင်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါး ကြောင့် မိမိတို့၏ အနာဂတ်ရည်မှန်းချက်များ မဆုံးရှုံးရလေအောင် မူးယစ်ဆေး မသုံးကြစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ် ချိန်များတွင် စာပေများ လေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့် ပွဲလယ်တင့်စသည့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းအသိ ပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်း သူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ ကြွယ်ဝလာစေရေး ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)