သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆.၂.၂၀၂၄ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ မိုးညှင်းမြို့နယ်၊ မေတ္တာဖောင်ဒေးရှင်းအသင်းအဖွဲ့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

09 Feb 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂.၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

09 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊  မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးအောင်သန်းဝင်း(မြို့နယ်ရဲတပ်ဖွဲ့မှူး) ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)နှင့် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ် (ဒု-ဦးစီးမှူး)နှင့်တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

09 Feb 2024

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်မှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၂) ရက်နေ့ ၊နံနက် (၁၁:၁၅) အချိန်တွင် ဖျာပုံမြို့ ချောင်းတွင်းစက်စုကျေးရွာ၊ အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၈၆)ဦး၊ ဆရာ/ဆရာမ (၉) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

09 Feb 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၆.၂.၂၀၂၄)ရက်နေ့၊  နေ့လယ်(၁၅:၀၀)နာရီက ဝါးခယ်မမြို့၊ မြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်း ရောင်းချနေသောဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ရောင်းချခွင့်လိုင်စင် ရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages