သတင်းနှင့် လှုပ်ရှားမှုများ
စာသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် မုံရွာခရိုင်ဦးစီးမှူးတို့သည် (၂၀.၇.၂၀၂၂ ) ရက် နေ့လယ်(၁၃)နာရီတွင် မုံရွာမြို့နယ်၊ ပိတောက်ကုန်းရပ်ကွက်ရှိ New Day စက်သုံးဆီ အရောင်းဆိုင်သို့သွားရောက်၍ မန်နေဂျာနှင့်တွေ့ဆုံ၍ စက်သုံးဆီရောင်းချမှုအခြေအနေများကို ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၇.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် ရွှေလှေကျေးရွာတို့ရှိ ဆီစက်ပိုင်ရှင် (၃) ဦးနှင့် တွေ့ဆုံ၍ ဒေသတွင်း၌ စိုက်ပျိုးထွက်ရှိလာမည့် ဆီထွက်သီးနှံကြိတ်ခွဲနိုင်မှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၇.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အ.မ.က(ဈေးကြိုဆန်တန်း) ကျောင်းနှင့် အ.မ.က(ဒေါင်းဇရပ်) ကျောင်းတို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ (၁)ဦး၊ တိုင်းဒေသကြီး ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၄) ရက်နေ့ တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ပြည်မြန်မာစိုး စက်သုံးဆီအရာင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၂၂.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင် ကံမမြို့အတွင်းရှိ မြို့မစည်ပင်ဈေးနှင့် အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် မလေးရှားနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် သွားတိုက်ဆေး၊ ကော်ဖီတို့တွင် တရားဝင်ရောင်းချခွ