သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊သထုံခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများသည် (၂၁.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက သထုံမြို့နယ်၊ အ.မ.က(လွန်) ပန်းတိမ်ရွာ၊ နောင်ကုလားကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၈.၇.၂၀၂၂ ရက်နေ့ နံနက် (၁၁:၀၀) နာရီက ကျိုက်မရောမြို့နယ်၊ အ.လ.က (အထရံကျောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကြောင်း သိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ၊ ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရိအချိန်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် ၊ အကွက် (၁၆)ရှိ ဦးနေမင်းအောင်ဇော် ပါ (၇)ဦး ပိုင်ဆိုင်သော “LUCKY 7” အမှတ်တံဆိပ်ဖြင့် တစ်ခါသုံးတစ်ရှူး (Tissue) Wipe Product ထုတ်လုပ်ဖြန့်ချီရောင်းချသည့် စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆု
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျိုက်လပ်မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၁၀;၀၀) နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိကုန်စုံဆိုင်(၈)ဆိုင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင
၁၉.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။