
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက် နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထ ရောနစ် မဲပေးစက်(MEYM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ် သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး သည် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEYM) ရှင်းလင်းပြသပွဲ၌ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် တို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီကျော် မှ မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEYM)ကို ခေတ် မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံ(၃၄)ခု၌ သုံးစွဲနေသောမဲပေးစက်များအား လေ့လာပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော (MEYM)အား အဆင့်ဆင့်စမ်းသပ်ပြီးမှထုပ်လုပ်သုံးစွဲတာဖြစ်ကြောင်း၊ အသေးစိပ်ရှင်း လင်းဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်တို့မှ လက်တွေ့ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEYM) အသုံးပြုမဲပေးမှု စမ်းသပ်ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)