သတင်းနှင့် လှုပ်ရှားမှုများ
ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇-၉-၂၀၂၂) ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံ၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင
Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အစိုးရအဖွဲ့ရုံးများသို့ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့်ဈေးကားနှင့် လှည့်လည်ရောင်းချပေးလျက် ရှိရာ (၅-၉-၂၀၂၂) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဆီပိဿာချိန် (၁၃၀၀)ကိုလည်းကောင်း၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် ဆီပိဿာချိန် (၂၇၆)ပိဿာ ကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့တွင် ဆီပိဿာချိန
ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၆-၉-၂၀၂၂) ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံ
စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် အဖွဲ့ဝင်ဌာန(၆)ခုပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကွင်းဆင်းစိစစ်ရေးအဖွဲ့အား ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါစိစစ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် လားရှိုးမြို့အတွင်းရှိ တက္ကသိုလ်ကျောင်းများဖြစ်ကြ