သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2022

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိ ကို ရမည်းသင်းမြို့နယ်အတွင်းရှိ OK Energy ၊ PT Power၊ Petro Green၊ Asia Egergy နှင့် MK ဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။<

21 Jul 2022

                စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း) ခရိုင် ၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများသည် (မိတ္ထီလာ/ရမည်းသင်း)ခရိုင် အတွင်းရှိ စျေးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

21 Jul 2022

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း) ခရိုင် ၊ ခရိုင် ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

21 Jul 2022

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံဦးဘိုဘိုသည်  ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက် (၁၁:၀၀) အချိန်၌ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အလှကုန်ပစ္စည်းအရောင်း ဆိုင်လုပ်ငန်းရှင် (၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

21 Jul 2022

            ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၃.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀;၀၀)နာရီတွင်  လပွတ္တာမြို့နယ်၊ ရွေးနဒီရေပေါ်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

Pages