သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Sep 2022

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်နိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်ပူးပေါင်းပြီး (၅-၉-၂၀၂၂)ရက်နေ့ နေ့(၂:၀၀)နာရီအချိန်တွင် သံတွဲမြို့ ငကျော်တောင် အ.ထ.က(ခွဲ)ကျောင်း တွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

13 Sep 2022

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၆.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့ပေါ်ရှိမော်တော်ကားဝါယာရိန်း၊ဒိုင်နမို၊မော်တာပြုပြင်ရေးစီးပွားရေးလုပ်ငန်းရှင်များနှင့် မိုးညှင်းခရိုင်ဦးစီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

13 Sep 2022

        ယခုအချိန်ကာလသည် တရုတ်လူမျိုးများ၏ နှစ်စဉ်နှစ်တိုင်းအမြဲလိုလို ကျင်းပလေ့ရှိသည့် တရုတ်မုန့်စားပွဲတော်အချိန်ခါရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ ဆိုင်အတော်များများတွင် တရုတ်လမုန့်များကို မြိုင်မြိုင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါလမုန့် များကိုမူ လမုန့်စားပွဲတော်နှင့် တရုတ်နှစ်သစ်ကူးပွဲတော်အချိန်ခါတွင် တစ်နှစ်မှနှစ်ကြိမ်သာ လမုန့်များကို ပြုလုပ်ရောင်းချကြသောကြောင့် လမုန့်များသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းလျက်

12 Sep 2022

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်း(၂)ဦးတို့သည်  စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ “ရာဇာ” လ္ဘက်/ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

12 Sep 2022

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အနေဖြင့် စက်တင်ဘာလ ( ၅ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလေးဝမြို့ ( အ.ထ.က  )  ကျောင်း၌ ဆရာ/ဆရာမ ( ၁၂ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၄၀၀ ) ဦး၊ စုစုပေါင်း( ၄၁၂ )ဦး အား စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages