မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မြောင်းမြမြို့ပေါ်ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ Win Win အလှကုန်ဆိုင် နှင့် 41 အလှကုန်ဆိုင်ရှင်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်၊ ဥပဒေ များအား လိုက်နာဆောင်ရွက်ကြရန်၊ တားမြစ်ထားသော အလှကုန်ပစ္စည်းများအား ရောင်းချဖြန့်ဖြူးခြင်း မပြုလုပ်ကြရန် သတိပေးပြောြကားခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်မညီညွတ်သည့် အလှကုန် ပစ္စည်းများရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသိမ်းဆည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ DOCA( ဧရာဝတီ)