သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2022

     မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ချောက်မြို့နယ်တာဝန်ခံ ‌ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၃.၇.၂၀၂၂)ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) အထိချောက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ရောင်းချသော ဆိုင်များအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  

21 Jul 2022

              မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအား ကျစ်လစ်ခိုင်မာစွာ ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ တို့နှင့်အတူ(၁၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီး မြို့နယ်တာဝန်ခံရုံး၌ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်များရှိ ကုန်သည်များနှင့်စက

21 Jul 2022

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့နယ် တာဝန်ခံ ဦးသိန်းအောင်သည်  (၁၁-၇-၂၀၂၂)နေ့ နေ့လယ် (၁၃:၁၅)နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၃)ဦးအား မြို့နယ် ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

21 Jul 2022

           ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို (၁၄-၇-၂ ၀၂၂)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများစွာကို အပြည့်အဝခံစားနေရပြီဖြစ်ကြောင်း၊ ထိုနည်းတူ

21 Jul 2022

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၈.၇.၂၀၂၂ရက်နေ့တွင် ဝိုင်းမော်မြို့၊အမှတ်(၃)ရပ်ကွက်ရှိ လက်ကားအရောင်းဆိုင်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Pages