တိုက်ကြီးမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

Powered by Drupal
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ (၉.၇.၂၀၂၅)ရက်နေ့ ဝါဆိုလပြည့်နေ့ နံနက်(၀၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းနှင့် အလှူရှင်စုစုပေါင်း (၂၅၀)ဦးခန့်တက်ရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ပြည်သဒ္ဒမ္မဇောတိကာရုံ စာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာဝံသအမှူးပြုသော သံဃာတော်အရှင်မြတ်(၉၉)ပါး ကြွရောက်ချီးမြှင့်တော်မူပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး အခမ်းအနားကို နံနက်(၀၇:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)