ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၁၁.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူကာကွယ်ရေးဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထို-တောင်စွန်း ရွှေဝါရောင်လမ်းမဘေး၊ ကျိူက်ပိကျေးရွာရှိ ဦးသက်လွင်ပိုင် (၅၀)တန်ကျ ဆန်စက်နှင့် ဆန်၊ စပါးသိုလှောင်ရုံအား ကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ဆန်၊ စပါး ဝင်/ထွက် လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်စျေးနှုန်း တည်ငြိမ်မှု ရှိ/မရှိ၊ ဆန်ကြိတ်ခွဲနိုင်စွမ်းအား၊ စျေးကွက်စျေးနှုန်းအခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)