သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Aug 2022

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၂၇-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော အရောင်းဆိုင် (၁၀) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။  

03 Aug 2022

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည်  ဇူလိုင်လ (၂၈) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်းနှင့် ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

03 Aug 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါး ရောင်းချနေသော ဆိုင်များသို့ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေး‌ဆောင်ရွက်ခဲ့ပါသည်။

03 Aug 2022

        (၂၈-၇-၂၀၂၂)ရက်နေ့ နေ့လယ်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအဖွဲ့ဝင်-၁ ဗိုလ်မှူးတင်ဝင်းထွဋ် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအတွင်းများဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မောင်တောကုန်သည်ကြီးအသင်းမှ တာဝန်ရှိသူများပါဝင်သော မောင်တောမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် မောင်တောမြို့ ကညင်းချောင်း စီးပွားရေးဇုန်အတွင်း အဝင

03 Aug 2022

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် (၂၆.၇.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ်ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်ရှော့ပင်းစင်တာရှိ Mistine အလှကုန်ပစ္စည်းများအားကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

Pages