သတင်းနှင့် လှုပ်ရှားမှုများ
ညောင်တုန်းမြို့နယ် တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးမအဖွဲ့သည် (၂၄.၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ညောင်တုန်း၊ ဆားမလောက်လမ်း၊ ရှိ ဆန်စက်များနှင့် ဆန်သိုလှောင်ရုံများအား တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်နယ်အတွင်းရှိ ဆေးဆိုင်များနှင့် စားသုံးဆီဆိုင် များအား မအူပင်ခရိုင် (FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၄.၁.၂၀၂၅ ရက် နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီက ဝါးခယ်မမြို့နယ် မြို့မဈေးရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည်ကျောင်းကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ဇန္နဝါရီလ (၈) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အ.မ.က(၁၂)ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ပါသည်။

ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဇန်နဝါရီ လ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မှ ဧည့်မထဆန်(၂၅၀၀)အိတ်၊ ပေါ်ဆန်းဆန်(၅၀၀)အိတ်၊ စုစုပေါင်း(၃၀၀၀)အိတ်၊ တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင
