သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၂၇ ရက်နေ့၊ (၁၃း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ အနောက်ရပ်၊ ဆန်းချီလမ်းဆုံ၊ အခွန်လွတ်စျေး တို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ တိုင်းဒေသကြီးစျေးကွက်အတွင်း ဘိလပ်မြေ ပြတ်လပ်မှုရှိ/မရှိ၊ စျေးနှုန်း/စျေးကွက်အခြေအနေများနှင့် ဘိလပ်မြေလက်ကျန်အခြေအနေများအား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကြီးများအား စုံစမ်းမေးမြန်းခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၂၇.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၄၅)အချိန်တွင် မှတ်ပုံတင်လျှောက်ထားသည့် လှိုင်သာယာ မြို့နယ်ရှိ အမှတ်(က-၁၄၅၆)၊ ညောင်ပင်လမ်း၊ (၁၆)ရပ်ကွက်၊ အလှကုန်ပစ္စည်းများ ရောင်းချလျက် ရှိသည့် တင်ဇာလှိုင်အွန်လိုင်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇.၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အိုင်ဘီဒီဖော်မြန်မာစင့် ၂၀၁၃ Online Sales လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အကြီးအကဲ၏လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး အတွင်းရှိ အမှတ်(၈/၉/၁၀) ဗဟန်းဈေးအတွင်းရှိ ဒေါ်ဟန်ယဉ်ယဉ်ဆန်ဆိုင် နှင့် အမှတ်(၁၅/၁၆)၊ နံရံကပ်၊ ဗဟန်းဈေးအတွင်းရှိ ဦးညီညီအောင်ဆန်ဆိုင်တို့အား ဗဟန်းဈေး တာဝန်ခံ ဦးတက်တိုးနှင့်အတူ ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာ ပေးမှုများအား ၂၈.၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှ

လူမျိုးမရွေးဘာသာမရွေးအသုံးပြုသည့် ကုန်စည်ဖြစ်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်သည့် နို့နှင့်နို့ထွက်ပစ္စည်းများအား ထုတ်ပြန်လျက်ရှိခြင်းတို့ ကြောင့်ရွေးချယ်ရခြင်းဖြစ်ပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်မရှိစေရေးအတွက် ၂၀.၁.၂၀၂၅ ရက်နေ့တွင် အနောက်ပိုင်းခရိုင်မှ စစ်ဆေးရေးမှူး ဒေါ်ခင်မာဝေနှင့် ဝန်ထမ်းး (၂) ဦးတို့သည် ပန်းဘဲတန်းမြို့နယ် Market Place နှင့် ကျောက်တံတားမြို့နယ် စိန်ဂေဟာတို့တွင် အားမာန်(နွားနို့)၊ Fun Hwa(ကျိုချက်ပြီးနွားနို့)၊
