တာချီလိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            ၂၀၂၆ ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမျိုးအောင် (ဦးစီးအရာရှိ) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ  တာချီလိတ်မြို့၊ ဆန်ဆိုင်(က)ရပ်ကွက်အတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ တွင် GOOD CHOICEအမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် GOOD CHOICEအမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင်ဖော်ပြရမည့် မြန်မာစာကုန်အညွှန်း အမှတ်အသားများပါရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)