သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်နှင့်ဝန်ထမ်းများသည် (၂၄.၁.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

28 Jan 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ ဗိုလ်ချူပ်လမ်း၊ ရွာသစ် ရပ်ကွက်ရှိ စတိုးဆိုင်များတွင်ရောင်းချသော အသင့်စားစားသောက်ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

28 Jan 2025

              စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်  လေးမျက်နှာမြို့၊ အိုင်သပြုကျေးရွာရှိ “ကောင်းကင်ကြယ်”ပဲမျိုးစုံ ဝယ်ယူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်းကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

28 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

28 Jan 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး သည် (၁၀.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ အသိပညာပေး Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ ၍ တိုင်းကြားနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Pages