သတင်းနှင့် လှုပ်ရှားမှုများ
ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ တောင်သူများ စိုက်ပျိုးချိန် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျှက်ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ (၁၁.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ Supermarketနှင့် စတိုးဆိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ပူးပေါင်း၍(၈.၇.၂၀၂၂) နေ့နံနက် (၀၉:၃၀) အချိန်တွင် ပွင့်ဖြူမြို့၊ စည်ပင်သာယာဈေးနှင့်မြို့ပေါ်ရက်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား လူသုံးဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မျာ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးပါဝင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၇.၂၀၂၂ရက်နေ့ တွင် ဗန်းမော်မြို့၊ (၅)မိုင် စီဟဲကျေးရွာသို့ CP စိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သွားရောက်၍ ကျေးရွာရှိ တောင်သူတစ်ဦး၏လယ်(၅)ဧကတွင် မျိုး/သွင်းအားစု စိုက်ထုတ်ပေးပြီး ဧရာဝတီတိုင်းမှ မနောသုခစပါးမျိုး ကြဲ၊ ပက်စမ်းသပ်စိုက်ပျိုးထားသည့် (၁၀)ရက်သားစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။